နှစ်နိုင်ငံနယ်စပ်အနီး ပြဿနာရှာနေသော AA စခန်းအား ရှင်းလင်းနေကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နှစ်နိုင်ငံနယ်စပ်အနီး ပြဿနာရှာနေသော AA စခန်းအား ရှင်းလင်းနေကြောင်း သိရ



MNP ၊ စက်တင်ဘာ ၂၂

နှစ်နိုင်ငံနယ်စပ်အနီး ပြဿနာရှာနေသော AA စခန်းအား ရှင်းလင်းနေကြောင်း မေယုဌာနေသတင်းဖော်ပြချက်အရ သိရသည်။

မောင်တောမြို့ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးအနီး ကွမ်းသီးပြင်ရွာ၌ စခန်းချကာ နတ်မြစ်အတွင်းသွားလာနေသော စက်လှေ၊ လှောင်းလှေများအား ဆက်ကြေးကောက်ခြင်း၊ မပေးပါက နှစ်နိုင်ငံစစ်ရေးတင်းမာလာစေရန်ရည်ရွယ်၍ ပစ်မြုပ်ခြင်းများလုပ်နေသည့် AA စခန်းအား ယနေ့ နေ့လည် ၁၂ နာရီကျော်မှစ၍ တိုက်ခိုက်ရှင်းလင်းနေကြောင်း သိရှိရသည်။

AAအဖွဲ့သည် ARSA အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေမှုနှင့် ပတ်သက်ပြီး သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပေးရန် တောင်းဆိုမှုများ ရှိနေသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)