AA အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောပေါင်းပြီး ပြည်သူတွေရဲ့ဆေးပေးခန်းနှင့် ဆေးဝါးများအား လုယူနေကြောင်း ဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောပေါင်းပြီး ပြည်သူတွေရဲ့ဆေးပေးခန်းနှင့် ဆေးဝါးများအား လုယူနေကြောင်း ဖော်ပြ





MNP ၊ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြိုနယ်အတွင်းရှိ  ပျားတဲတိုက်နယ်ဆေးရုံနှင့် မင်းပြားမြိုနယ်အတွင်းရှိ မင်းဖူးတိုက်နယ်ဆေးရုံတို့အား ဩဂုတ်လဆန်းပိုင်းမှစတင်၍ ULA/AA  အဖွဲမှ နိုင်ငံရေးမှူးတာဝန်ထမ်းဆောင်သူ  ဦးဦးလှစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း) အပါအဝင် လက်နက်ကိုင်ဆောင်ထားသော AA ၅၀ ဦးခန့်က ဆေးရုံအားဝိုင်း၍ ဆရာဝန်နှင့် သူနာပြုများအား ဆေးရုံမှထွက်ခွာသွားရန် ခြိမ်းခြောက်ခြင်း၊ နိုင်ငံတော်မှ ပြည်သူလူထုအတွက် ထုတ်ပေးထားသောဆေးများအား  သိမ်းယူခြင်းများ ပြူလုပ်နေကြောင်း မေယုဌာနေသတင်းတွင်း ဖော်ပြထားသည်။

ထိုသို့သော အကြမ်းဖက်လုပ်ရပ်များကြောင့် တာဝန်ထမ်းဆောင်နေသော ဆရာဝန် သူနာပြုများအနေဖြင့် အသက်လု၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မြောက်ဦးမြိုနယ်၊ ခရိုင်ဆရာဝန်ကြီး ဦးခင်မောင်သန်း ၏ ပြောဆိုမှုကို ကိုးကား၍ ရေးသားဖော်ပြထားသည်။


AA အဖွဲ့များသည် တိုက်ပွဲများ၌ ယခုလအတွင်း ဒဏ်ရာရရှိသူ ၂၀၀ ဦးခန့်ရှိကြောင်းနှင့် ဆေးကုသရန် လိုအပ်သောဆေးဝါးများအား ဖုန်းဆက်ခြိမ်းခြောက် တောင်းခံလျက်ရှိကြောင်းနှင့် မပေးပါက အသက်အန္တရာယ်ရှိနိုင်သဖြင့် ပေးနေရကြောင်း ခရိုင်ဆရာဝန်ကြီး ဦးခင်မောင်သန်း၏ ပြောကြားထားသည်။


တိုက်နယ်ပြည်သူဆေးရုံများ အဓမ္မခြိမ်းခြောက်သိမ်းယူရာ၌ ဦးဆောင်ခဲ့သူ ဦးဦးလှစောသည် လွှတ်တော်ကိုယ်စားလှယ်

သက်တမ်း ၂ ကြိမ်ဆောင်ရွက်ခဲ့ပြီး ဥပဒေရေးရာကိစ္စများနှင့် ရခိုင်ပြည်နယ် အရေးကိစ္စများတွင်  တက်ကြွစွာပါဝင်ခဲ့သော်လည်း ယခုကဲ့သို့ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောင့်မှုပေးနေသည့် တိုက်နယ်ဆေးရုံများအား လက်နက်ဖြင့်ခြိမ်းခြောက် အဓမ္မသိမ်းယူခြင်းသည် ဂျီနီဗာ ကွန်ဗန်းရှင်းအရ စစ်ရာဇဝတ်မှုမြောက်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး အနေဖြင့် ဂုဏ်သိက္ခာမဲ့သော လုပ်ရပ်ကိုလုပ်ဆောင်မှု ဖြစ်ခြင်းကြောင်း ANP ပါတီအတွင်း၌လည်း  ဝေဖန်အပြစ်တင်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ပါတီနှင့် နီးစပ်သူတစ်ဦးထံမှသိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)