ဗဟန်းမြို့နယ်တွင် AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်တွင် AC ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်



MNP - စက်တင်ဘာ   ၆


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ ငွေဝတ်မှုံရိပ်သာ၊ ရွှေတောင်ကြားရိပ်သာလမ်းတွင် ယနေ့နံနက် (၀၉:၁၅) အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ AC ကတ္တရာလမ်းထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်ကြောင်း သိရသည်။


အဆိုပါ AC ကတ္တရာလမ်းထပ်ပိုးခင်းခြင်း ဆောင်ရွက်ရာတွင် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် အကျယ် ၁၄ပေရှိသော ယခင်လမ်းဟောင်း အရှည် ၆၂၅ ပေရှိ လမ်းဖြတ် ၃ လမ်းနှင့် အရှည် ၄၀၀ ပေရှိ လမ်းဖြတ် ၂ လမ်း စုစုပေါင်း ၅ လမ်းကို ပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင်  ရန်ကုန်မြို့‌တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - စန္ဒာဌေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)