အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် လျှပ်စစ်တာဝါတိုင်များ ပျက်စီးခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ BBC သတင်းဌာန က လုပ်ကြံဖန်တီး၍ ရေးသားဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် လျှပ်စစ်တာဝါတိုင်များ ပျက်စီးခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ BBC သတင်းဌာန က လုပ်ကြံဖန်တီး၍ ရေးသားဖော်ပြ



MNP ၊ စက်တင်ဘာ ၅

ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျုံဒုံးတို့မှာ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် တာဝါတိုင်များ ပျက်စီးခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ BBC သတင်းဌာနက စစ်ကောင်စီတပ်နဲ့ အာဏာသိမ်းဆန့်ကျင်ရေး ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ကြပြီးတဲ့နောက် ကော့နွဲ့ ရွာအနီး နှစ်ဖက်ပစ်ခတ်မှုမှာ  အဲဒီတာဝါတိုင် ၂ ခု ပျက်စီးခဲ့တာလို့ လုပ်ကြံဖန်တီးရေးသားဖော်ပြထားပါတယ်။


NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားများရဲ့ ပြည်ဖျက်စီမံကိန်းမှာ ပါဝင်လုပ်ဆောင်နေကြတဲ့ အကြမ်းဖက်သမားများဟာ နိုင်ငံအနှံ့ အဖျက်အမှောင့် လုပ်ငန်းမျိုးစုံကို လုပ်ဆောင်ခဲ့ကြရာမှာ လျှပ်စစ်တာဝါတိုင်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

NLD အစွန်းရောက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့ ရှိနေပြီး လူငယ်များကို အကြမ်းဖက်သင်တန်းပေးပြီး ဖောက်ခွဲတိုက်ခိုက် ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြပါတယ်။

NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုငငံရေးသမားတွေရဲ့ လက်အောက်ခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ PDF အကြမ်းဖက်သမားများရဲ့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် နိုင်ငံအဝှမ်းမှာ လျှပ်စစ်တာဝါတိုင်များ၊ ဖုန်းတာဝါတိုင်များ ပျက်ဆီးဆုံးရှုံးခဲ့ရခြင်း ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ဖုန်းတာဝါတိုင်၊ လျှပ်စစ်တာဝါတိုင်များ ပျက်ဆီးခဲ့ရပြီး ပြည်သူများရဲ့ နေ့စဉ်လူမှုဘဝကို များစွာ ထိခိုက်ခဲ့ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)