နာဂဒေသ၊လဟယ်မြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ်နှင့်ပညာရေးဘွဲ့ (BEd )(၅)နှစ် သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသ၊လဟယ်မြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေးတက္ကသိုလ်နှင့်ပညာရေးဘွဲ့ (BEd )(၅)နှစ် သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြေဆို



MNP - စက်တင်ဘာ   ၂၄


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပညာရေးဘွဲ့ (BEd) (၅)နှစ် သင်တန်းအမှတ်စဉ် (၁၀)အတွက် ဝင်ခွင့်ရေးဖြေ စာမေးပွဲကို ယနေ့နံနက်(၉)နာရီအချိန် လဟယ်မြို့ အ.ထ.က ကျောင်း၌ ဖြေဆိုခဲ့ကြောင်း သိရသည်။


(၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပညာရေးဘွဲ့ (BEd)(၅)နှစ် သင်တန်းအမှတ်စဉ် (၁၀)အတွက် ဝင်ခွင့်ဖြေဆိုရာတွင် နာဂဒေသ (လေရှီး လဟယ်၊ နန်းယွန်း) မြို့နယ်များမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်နှင့်စစ်ကိုင်း) အတွက် ဖြေဆိုသူ (ကျား-၁၄)ဦး၊ (မ-၈)ဦးပေါင်း (၂၂)ဦးနှင့်ပညာရေးဘွဲ့ (BEd)(၅)နှစ် သင်တန်းအမှတ်စဉ် (၁၀)အတွက် ဝင်ခွင့်ဖြေဆိုရာတွင် (ကျား-၅)ဦး၊ (မ-၂၀)ဦး ပေါင်း (၂၅)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဝင်ခွင့်ဖြေဆိုရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ (၂)ဘာသာကို ဖြေဆိုကြမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများကို စက်တင်ဘာ(၂၈)မှ (၂၉)ရက်နေ့တွင် လူတွေ့ စစ်ဆေးသွားမည်ဖြစ်ပြီး ပညာရေးတက္ကသိုလ် BEd သင်တန်းအတွက် (၈)ဦးအရံ(၂)ဦး ပေါင်း(၁၀)ဦး၊ စွမ်း/ ကော သင်တန်းအတွက်(၈)ဦးအရံ (၂)ဦးပေါင်း (၁၀)ဦး တို့ကို ရွှေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေမှုကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသအတွင်းရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့ဝင်တို့ကလာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)