MNP - စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်၊ စစ်ကိုင်း)နှင့်ပညာရေးဘွဲ့ (BEd )(၅)နှစ် သင်တန်းအမှတ်စဉ်(၁၀)အတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့၊ အ.ထ.က(၁)ကျောင်း၌ ဖြေဆိုခဲ့ကြောင်းသိရသည်။
(၂၀၂၂-၂၀၂၃)ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်၊ စစ်ကိုင်း)နှင့် ပညာရေးဘွဲ့ (BEd)(၅)နှစ်သင်တန်းအမှတ်စဉ်(၁၀)အတွက် ဝင်ခွင့်ဖြေဆိုရာတွင် ဟုမ္မလင်းမြို့နယ်မှ ဖြေဆိုသူ(BEd)(ကျား-၂၂)ဦး၊ (မ-၁၀၆)ဦး ပေါင်း(၁၂၈)ဦးနှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(ရန်ကုန်နှင့်စစ်ကိုင်း)အတွက် ဖြေဆိုသူ(ကျား-၁၄)ဦး၊(မ-၂၄)ဦး ပေါင်း(၃၈)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။
ထိုသို့ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်တို့က ကျောင်းသား/သူများ၏ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သတင်း - လင်းလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment