တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က ဘုန်းတော်ကြီးကျောင်းတိုက်များတွင် လိုအပ်လျက်ရှိသော ဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က ဘုန်းတော်ကြီးကျောင်းတိုက်များတွင် လိုအပ်လျက်ရှိသော ဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း






MNP ၊ သြဂုတ် ၃၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က ထားဝယ်ခရိုင်၊  သရက်ချောင်းမြို့နယ်အတွင်းရှိ သံဃာ(၂၅)ပါးအထက်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များတွင် လိုအပ်လျက်ရှိသော ဆန်အိတ်များနှင့်လှူဖွယ်ပစ္စည်းများကို ယနေ့နံနက်ပိုင်း တွင်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။


ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို နှင့် တာဝန်ရှိသူများက မော်ရှည်ကုန်းကျေးရွာ မော်ရှည်ကုန်းကျောင်း တိုက်တွင် သံဃာ့(၅၂)ပါးတို့အတွက် ဆန်(၁၂)အိတ်၊ ဆီ(၅၂)ပုလင်း ၊ ပဲ (၄၄)ပိဿ  တို့ကိုထောက်ပံ့လှူဒါန်းခဲ့ပြီး ဆရာတော်များထံမှဩဝါဒစကားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ကျောင်းတွင်သီတင်းသုံးနေထိုင်သည့်ဆရာတော်များ၏ကျန်းမာရေးအခြေအနေများနှင့် နေထိုင်စားသောက်ရေး အခြေအနေများအားမေးမြန်းလျှောက်ထားသည်။ 


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ က သရက်ချောင်းမြို့နယ်အတွင်းရှိ ရဟန်း/ သာမဏေ ၂၅ ပါးနှင့် အထက်ရှိ သောဘုန်းတော်ကြီးကျောင်း ၆ ကျောင်း တို့ရှိရဟန်း၊ သာမဏေ ၂၁၈ ပါး တို့အတွက် ဆန်(၄၉)အိတ်၊ ဆီ(၂၁၈) ပုလင်း ၊ ပဲ(၄၄)ပိဿ  တို့ကိုဆက်လက်ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)