မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ် တစ်လုံးပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ် တစ်လုံးပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

 



MNP - စက်တင်ဘာ   ၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာတွင် ဩဂုတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဦးမောင်မောင်ဝင်း နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စုအား မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လေဘေးသင့် မိသားစုလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ကြသည်။

ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်အိမ်ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသည့် ဦးမောင်မောင်ဝင်း နေအိမ် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း (၁၂'×၁၀'×၁၂')၊ မိသားစုဝင်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ (၁၈)နှစ်အောက် အမျိုးသမီး(၂) ပေါင်း(၅)တို့အတွက် နေအိမ်ပြိုထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ(၁၀,၅၀၀/-) စုစုပေါင်း(၁၁၀,၅၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးတို့ကို မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ စစ်ပင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဦးသန်းလှ ရှေ့တွင် လေဘေးသင့် ဦးမောင်မောင်ဝင်း လက်ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)