ရွှေတောင်မြို့နယ် တွင် ၂၀၂၂ - ၂၀၂၃ခုနှစ် ဆီထွက်သီးနှံနေကြာနှင့် သုံးသီးစိုက်ပျိုးမည့်ရပ်ကွက် / ကျေးရွာအုပ်စု အလိုက် တာဝန်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင် ၂၀၂၂ - ၂၀၂၃ခုနှစ် ဆီထွက်သီးနှံနေကြာနှင့် သုံးသီးစိုက်ပျိုးမည့်ရပ်ကွက် / ကျေးရွာအုပ်စု အလိုက် တာဝန်ပေးအပ်ပွဲကျင်းပ




MNP ၊ စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က  ၂၀၂၂ - ၂၀၂၃ခုနှစ် ဆီထွက်သီးနှံနေကြာနှင့် သုံးသီးစိုက်ပျိုးမည့် ရပ်ကွက် / ကျေးရွာအုပ်စု အလိုက် တာဝန်ပေးအပ်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင် က အဖွင့်အမှာစကားပြောကြားသည်။ 

ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင် က၂၀၂၂ - ၂၀၂၃ခုနှစ် သုံးသီးနွေစပါးလျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦး ကျော်လွင်က၂၀၂၂ - ၂၀၂၃ခုနှစ်သုံးသီးနွေစပါးလျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဦးမျိုးအောင်က ၀၂၂ - ၂၀၂၃ခုနှစ်ဆောင်းဆီထွက်သီးနှံနေကြာလျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးတို့ တာဝန်ပေးအပ်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ လက်ခံယူခဲ့ကြသည်။

ထို့နောက်သက်ဆိုင်ရာဌာနမှ၂၀၂၂ - ၂၀၂၃ခုနှစ် ဆီထွက်သီးနှံနေကြာနှင့်သုံးသီးစိုက်ပျိုးမည့်ရပ်ကွက် / ကျေးရွာအုပ်စု အလိုက် တာဝန်ပေးအပ်ပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ရာတက်ရောက်လာသော ရပ်ကွက် / ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)