သရက်ချောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၉၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၉၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

 



MNP - စက်တင်ဘာ   ၃၀


တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၃)လပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့်ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက အဘိုး၊အဘွားများ အားလူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။


သရက်ချောင်းမြို့နယ်အတွင်းရှိ နိုင်ငံတော်မှလူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၆၉၆)ဦးတို့အား ထောက်ပံ့ငွေကျပ်(၂၀၈၈၀၀၀၀)သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ၎င်းမှတစ်ဆင့် သက် ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ သို့လွှဲပြောင်းပေးအပ်ခဲ့သည်။ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိ ယ သုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - နန်းခလိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)