ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဌာနဆိုင်ရာများဖြင့်ဖွဲ့စည်းထားသော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဌာနဆိုင်ရာများဖြင့်ဖွဲ့စည်းထားသော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

 


MNP - စက်တင်ဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် ဇေယျသုခ ကျောင်းတိုက် ဓမ္မာရုံတွင်ယနေ့နံနက်(၉)နာရီအချိန်က ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်း နှင့်ဒေသခံ ပြည်သူများတွေ့ဆုံ၍ ဒေသလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲတွင်အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်ရုံရေး စစ်ကြောင်းဟူ၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင် ဖွဲ့စည်းထားသောဌာနဆိုင်ရာ အကြီးအကဲ များမှ ရှေးဦးစွာကဏ္ဍအလိုက် ဆွေးနွေးခဲ့သည်။


ဆွေးနွေးရာတွင်ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ယာဉ်စည်း ကမ်းလမ်းစည်းကမ်း၊ ပညာရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို မြို့အုပ်ချုပ် ရေးမှူးမှပြောကြားပြီး သက်ဆိုင်ရာဌာနအကြီး အကဲများမှမိမိတို့ဌာန အလိုက် ဆောင်ရွက် နေမှုများကိုပြည်သူများအား ချပြဆွေးနွေးခဲ့ကြသည်။


ထို့နောက်ပြည်သူများမှ တင်ပြလာသည့် လိုအပ်ချက်များ အပေါ်ချက်ချင်းညှိနှိုင်း ဆောင်ရွက်နိုင် သည်များကို ဆောင်ရွက်ပေးကာ၊ ချက်ချင်းဆောင်ရွက်မပေးနိုင်သည် များရှိပါကမှတ်သားထား၍ ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါအခမ်းအနားသို့၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်အတူ စစ်ကြောင်းကြီး (၅)ကြောင်း မှဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့ကြသည်။


သတင်း - ရွှေသောင်ယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)