စဉ့်ကူးမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားသဖြင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားသဖြင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်





MNP ၊ စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပွားနေသဖြင့် ကမ်းပါးပြိုကျမှုကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။ 


ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုများမှာ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ အဆိုပါ မြစ်ကမ်းပါးပြိုကျမှုများအား ကာကွယ်နိုင်ရေးယခင်နှစ်ကစိုက်ပျိုးထားသော ကိုင်းပင်နှင့်ကျူပင်များမှာ ကမ်းပါးပြိုကျပြီး ရေတိုက်စားခံနေရသဖြင့် ကျွန်းဦးကျေးရွာနေ ဒေသခံပြည်သူများစုပေါင်း၍ သဲအိတ်များဖြင့် မြစ်ကမ်းပါးပြိုကျမှုမှကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)