MNP - စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ထိရောက်အောင်မြင်အောင် ပူးပေါင်းဆောင် ရွက်နိုင်ရေး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဆောင်ရွက် ကြောင်းသိရှိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းနိုင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်အားအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအား ဖွဲ့စည်းပေးထားသော စစ်ကြောင်းများအလိုက် အဖွဲ့ခေါင်း ဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် တင်ပြရန်ရှိသည်များ တင်ပြဆွေးနွေးကြရန် စသဖြင့်ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှု အခြအနေများ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ချက်များအား တင်ပြကြရာ တာန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးကြောင်း သိရသည်။
သတင်း - သန်းသန်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment