ငပုတောမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းစစ်ဆေး




MNP - စက်တင်ဘာ   ၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြရွှေဝါလမ်း၊ ဓမ္မရိပ်သာလမ်း၊ စဉ်အိုးဖိုလမ်း၊ အင်ကြင်း မြိုင်လမ်း၊ မေတ္တာလမ်းနှင့် အနော်ရထာလမ်းလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)နှင့်အတူ သက်ဆိုင်ရာ လမ်းလုပ်ငန်းတာဝန်ရှိသူများလိုက်ပါ၍ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး လုပ်ကိုင်ဆောင်ရွက်သွား ရန် မှာကြားခဲ့‌ကြောင်း သိရသည်။


အဆိုပါလမ်းအား ငပုတောမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော မြရွှေဝါလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၂၉၀’x၁၂’x ၆”) (၈၄.၄၀) သန်း၊ ဓမ္မရိပ်သာလမ်းကွန်ကရစ်ခင်းခြင်း (၃၈၀’x၁၂’x ၆”) (၁၁၁.၇၀) သန်း၊ စဉ့်အိုးဖို လမ်းကွန်ကရစ်ခင်းခြင်း (၅၆၀’x၁၂’x ၆”) (၁၆၄.၅၀) သန်း၊ အင်ကြင်းမြိုင်လမ်း ကွန်ကရစ် ခင်းခြင်း (၅၆၅’x၁၂’x ၆”) (၁၆၄.၃၀) သန်း၊ မေတ္တာလမ်းကွန်ကရစ်ခင်းခြင်း (၅၁၀’x၁၂’x ၆”) (၁၄၈.၂၀) သန်း၊ အနော်ရထာလမ်း (Box Culvert) ပြုလုပ်ခြင်း (၁၈’x၄’-၆”x ၃’) (၁၃.၅၀) သန်း တို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပြီးစီးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဦးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းပြီးစီးဆောင်ရွက်နေသည့် အခြေအနေနှင့် ရှေ့ဘဏ္ဍာနှစ် အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်မှ ရှင်းလင်းတင်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)