မြောင်းမြမြို့တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား များကွင်းဆင်းပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား များကွင်းဆင်းပြုလုပ်ပေး




MNP - စက်တင်ဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းပြု လုပ်ပေးခြင်းကို ယမန်နေ့နက်ပိုင်းကစ၍ ဌက်ပျောတောကျေးရွာရှိ ဓမ္မဝိဟာရဓမ္မာရုံ၌ ပြုလုပ် ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းနှင့် ဝန်ထမ်းများက အသက်(၁၆) နှစ်အောက်၊ အသက် (၁၆) နှစ်နှင့် (၁၈)နှစ်ကြား ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ပေးခြင်းတို့ကို  ပြုလုပ်ပေးခဲ့သည်။


အဆိုပါကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအား ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကျေးရွာနေပြည်သူ (၉၂)ဦးတို့ ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)