မင်းတုန်းမြို့နယ်တွင် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းတုန်းမြို့နယ်တွင် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ



MNP - စက်တင်ဘာ   ၆


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး (TSDP) အစီအစဉ်အရ အ.ထ.က ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယ‌မန်နေ့ နံနက်ပိုင်းက မြို့မအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အပြေးပြိုင်ပွဲမီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀ (ကျား+မ)၊ အလျားခုန်(ကျား+မ)၊ အမြင့်ခုန် (ကျား+မ)၊ သံလုံးပစ်(ကျား+မ)၊ သံပြားပစ် (ကျား+မ)နှင့် လှံတံပစ်(ကျား+မ)ပြိုင်ပွဲများကို ကျောင်းသား၊ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။


ညနေပိုင်းတွင် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲများ ဆက်လက် ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ဌာနဆိုင်ရာများက ဆုများပေးအပ်ခဲ့ကြပြီး ဆုရရှိသူများ မကွေးတိုင်းဒေသကြီးအဆင့် ပြေးခုန်ပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးချစ်ကိုကိုအောင်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)