ဒေါ်လာကို လက်နက်သဖွယ် အသုံးချလာခြင်းကြောင့် နိုင်ငံငယ်များသည် ဒေါ်လာအနိုင်ကျင့်မှုခံနေရကြောင်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်လာကို လက်နက်သဖွယ် အသုံးချလာခြင်းကြောင့် နိုင်ငံငယ်များသည် ဒေါ်လာအနိုင်ကျင့်မှုခံနေရကြောင်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


MNP ၊ စက်တင်ဘာ ၇

ရုရှားနိုင်ငံတွင် ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြားရာ ဒေါ်လာကို လက်နက်သဖွယ် အသုံးချလာခြင်းကြောင့် နိုင်ငံငယ်များသည် ဒေါ်လာအနိုင်ကျင့်မှုခံနေရကြောင်း ထည့်သွင်းပြောကြားသွားသည်။

အရှေဖျားစီးပွားရေးဖိုရမ် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးအောင်လှိုင် က "စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် "စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် အဓိကကျသော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေသြဇာများအပါအဝင် အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်ရာတွင် အချို့နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသည့် ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက်ရှိသည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီးများ၏ ဒေါ်လာအနိုင်ကျင့်မှု ခံနေရပြီး နိုင်ငံရေးစီးပွားရေး ကိစ္စများတွင် နိုင်ငံကြီးများအား လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ရူဘယ်၊ ယွမ်၊ ရူပီး စသည့် ငွေကြေးများအား ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်ပါကြောင်း၊ ထို့ပြင် တိုက်ရိုက်ကုန်စည် ဖလှယ်မှုစနစ် ကိုလည်း ဒေါ်လာအစားထိုး ဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက မိမိတို့ နိုင်ငံငယ်များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှု အခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အင်အားကြီး မိတ်ဆွေနိုင်ငံများကလည်း ဝိုင်းဝန်းကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း" ထည့်သွင်း ပြောကြားသွားခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က " မိမိတို့မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှ ဒေသသည် သဘာဝ ပထဝီဝင်အရ သမုဒ္ဒရာကြီး နှစ်ခုကို ဆက်သွယ် ပေါင်းကူးပေးရာတွင် အချက်အချာကျသည့် နေရာ၌ တည်ရှိနေသည့် အားလျော်စွာ အင်ဒို - ပစိဖိတ်ဒေသကြီးတွင် အရေးပါသောနေရာမှ ပါဝင်နေလျက်ရှိပါကြောင်း၊ ထို့အတူ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် အခွင့်အလမ်းများစွာ ရှိသော နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း" ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် အခြားရေနံထွက်ကုန် ပစ္စည်းများကို ရုရှားမှ တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ယခုထက် ပိုမိုတိုးမြှင့်နိုင်မည်ဆိုပါက မိမိတို့နှစ်နိုင်ငံအတွက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းလာစေမည်ဖြစ်ပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)