ကျုံပျော်ခရိုင်၊ အထောင်မြို့(မအူချောင်းရွာ)တွင် ဆန်တစ်ပြည် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချ‌ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်ခရိုင်၊ အထောင်မြို့(မအူချောင်းရွာ)တွင် ဆန်တစ်ပြည် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချ‌ပေး

 




MNP - စက်တင်ဘာ   ၆


ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ရရှိစေရန်၊ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန် (၁)ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် စက်တင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် အထောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းအဖွဲ့များ၊ ဝင်းမေတ္တာဆန်စက်မှ အလှူရှင်များ ပူးပေါင်း၍ အထောင်မြို့၊ အမှတ် ၄ ရက်ကွက်(မအူချောင်းရွာ)ရှိ အခြေခံလူတန်းစားများအား ဆန် ၁ ပြည်လျှင် (၁၀၀၀) ကျပ်နှုန်း( တစ်အိမ်ထောင်ဆန် ၂ ပြည်)နှုန်းဖြင့် စုစုပေါင်း ဆန် (၆)အိတ်အား ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြသည်။


အဆိုပါအထောင်မြို့ အုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်များအနေဖြင့် အခြေခံ စားသောက်ကုန်ဖြစ်သော ဆန်များကို ကျေးရွာများသို့လည်း လိုက်လံလှူဒါန်းခြင်း ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဝယ်ယူသူ အိမ်ထောင်စုများ ကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)