သုံးခွမြို့နယ်၌ ငါးသားပေါက်အကောင်ရေ (၇၅၀,၀၀၀)ငါးမျိုးစိုက်ထည့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်၌ ငါးသားပေါက်အကောင်ရေ (၇၅၀,၀၀၀)ငါးမျိုးစိုက်ထည့်ပွဲကျင်းပ



MNP - စက်တင်ဘာ   ၁၉


ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှအမှတ်(၁၁)ရပ်ကွက် ဆိပ်ကမ်းသာလမ်း(မှော်ဝန်းချောင်း)အတွင်း ယနေ့နံနက် ၉ နာရီအချိန်က ငါးသားပေါက်အကောင်ရေ(၇၅၀,၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။     


သုံးခွမြို့နယ်တွင် ငါးသယံဇာတမပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစာသုံးမှုမြင့်မားလာစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ပေးရာတွင် အမှတ်(၁၁)ရပ်ကွက် ဆိပ်ကမ်းသာလမ်း (မှော်ဝင်းချောင်း)အတွင်း လှော်ကားစခန်းမှ ငါးမြစ်ချင်းကောင်ရေ(၇၅၀,၀၀၀)ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။


ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူးဦးတင်ထွဋ်၊ ခရိုင်ဦးစီးမှူးဦးအေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းအောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးတင့်နှင့်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မှော်ဝန်းချောင်းအတွင်းသို့ ငါးသားပေါက်များလွှတ်ပေးခဲ့ကြောင်း သိရသည်။


သတင်း - စည်သူလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)