ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်၊ အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်၊ အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေး

 


MNP - စက်တင်ဘာ  ၇


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၊ ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း ကမိမိတို့ ရပ်ကွက်/ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များလက်ဝယ်သို့အရောက် ပေးပို့ကြစေလိုကြောင်းပြောကြားပြီး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး ဒေါ်ခင်မေဦးက ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရပြည့်ဝစေရေးနှင့် ကျန်းမာကြံ့ခိုင်သည့် ကလေးငယ်များ မွေးဖွားပေးနိုင်ရန် ယခုလိုထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ဟေမာနိုင် က ယခု ၂၀၂၂-၂၀၂၃ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ ကိုယ်ဝန်ဆောင်မိခင် (၆၈၉)ဦး၊ အသက်(၂)နှစ်အောက်ကလေး (၁၆၄၉)ဦး၊ စုစုပေါင်း (၂၃၃၈)ဦးအတွက် ငွေကျပ်(၉၉၉)သိန်းကျော်ကို ရပ်ကွက်/ကျေးရွာ (၂၆)အုပ်စုသို့ မြို့နယ်မှတာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)