ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး



MNP - စက်တင်ဘာ  ၆


ရကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို အမှတ်(၁၂)ရပ်ကွက် အမှတ်(၁) အလယ်တန်းကျောင်းနှင့် အမှတ်(၁၃)ရပ်ကွက် အမှတ်(၂) အလယ်တန်းကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်း ထိုးနှံပေးခဲ့သည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်းလာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ကျန်းမာ ရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုသည်။


အဆိုပါ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့တွင်အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူ (၂၇၅)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ထိုးနှံပေးခဲ့ကြောင်းနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိသူ အခြေခံပညာ၊ ဘုန်းတော်ကြီးသင်၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများကို သတ်မှတ်ရက်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)