မိုင်းယောင်းမြို့နယ်၌ သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့နယ်၌ သက်ကြီးရွယ်အိုများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ပေးအပ်



MNP - စက်တင်ဘာ   ၂၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား စက်တင်ဘာ ၂၈ ရက်က လူမှုရေးပင်စင်ထောက်ပံ့ငွေများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေဝေလွင်၊ မြို့နယ်ထွေ/အုပ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အို ၁၂၀ ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ လှူဒါန်းငွေ ကျပ် ၁၀၀၀၀ စုစုပေါင်း ကျပ် ၄၀၀၀၀ စီတို့ကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - စိုင်းအောင်ဇော်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)