လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာအုပ်စာစောင်များ သွားရောက် ငှားရမ်းပေး



MNP - စက်တင်ဘာ   ၁၀


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ပညာရေးဌာနနှင့် ပူးပေါင်း၍  မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ်ကြယ်ပွင့် ကလေးငယ်များ ဘဝအလင်း ထွန်းတောက် လာစေဖို့  စာသင်ကျောင်းများအရောက်  သွားရောက်၍ စာပေနှင့် စဉ်ဆက်မပြတ်စေရေး  အချိန်မကုန် လူမပင်ပန်းစေဘဲ  စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်း ဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရေးတို့အတွက်  ရွေ့လျားစာ ကြည့်တိုက် (Mobile Library)  အား ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က  အခြေခံပညာ အထက်တန်း ကျောင်းသို့  စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။


ထိုသို့ စာအုပ်များ ငှားရမ်းပေးရာတွင် ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး  ငှားရမ်းပေးခဲ့သော စာအုပ်များကို  ရက်သတ္တပတ် တစ်ပတ်လျှင် တစ်ကြိမ်လဲလှယ် စနစ်ဖြင့် ငှားရမ်းပေးသွား မည်ဖြစ်ပြီး  ကျောင်းသူ/ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးကာ ကလေးကဗျာများ အသိပညာတိုးပွားရေး စာအုပ်စာပေများကို  စုပေါင်းဖတ်ရှုကြစေရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ငှားရမ်းဖတ်ရှု  လေ့လာခဲ့ကြောင်းလည်း သိရသည်။


သတင်း - ခင်လေးနွယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)