သာကေတမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်သူနာပြုစွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်သူနာပြုစွမ်းရည်ပြိုင်ပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၅


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယအပတ်တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာကေတမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ တပ်ခွဲအလိုက် သူနာပြုစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီ၌ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်စက်မှုဇုံခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါရှေးဦးပြုစုခြင်း သူနာပြုစွမ်းရည်ပြိုင်ပွဲကို တပ်ခွဲအလိုက်တစ်ဦးချင်း(ကျား+မ)၊ နှစ်ယောက်တွဲ(ကျား+မ)သဏ္ဍန်တူသရုပ်ပြပွဲအား ယှဉ်ပြိုင်ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။


သတင်း - ဆောင်းနှင်းဖြူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)