မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ဓလေ့အား အစဉ်အလာမပျက် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ဓလေ့အား အစဉ်အလာမပျက် ကျင်းပ






MNP ၊ စက်တင်ဘာ    ၉

မွန်ပြည်နယ်၊မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ ဓလေ့အား  အစဉ်အလာမပျက် ကျင်းပတင်လှူရာ ယနေ့ နံနက် ၄နာရီမှစတင်၍ ပေါင်မြို့နယ် ကျိုက်ပေါင်း ဆံတော်ရှင် စေတီတော်မြတ်တွင် ဘုရားရှင်အားဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်၊ ကျိုက်ပေါင်းစေတီတော်တွင်တော်သလင်းလပြည့်နေ့ ရောက်တိုင်း  မွန်လူမျိုးတို့သည် ဆွမ်းတော်ကြီးတင်ပွဲကို ဆင်နွှဲလေ့ရှိကြသည် ။မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အလွန်လေးနက်ကိုင်းရိုင်းသော လူမျိုးဖြစ်သည်နှင့်အညီ( ၁၂ )လရာသီပွဲများ နှင့်ကောင်းမှုကုသိုလ်အမြဲကျင်းပလေ့ရှိကြသည်။

တော်သလင်းလပြည့်နေ့တွင် ရပ်တိုင်း၊ရွာတိုင်းရှိ မွန်ဘုန်းတော်ကြီးကျောင်း တို့တွင် မိမိတို့ စွမ်းနိုင်သမျှ လုပ်အား, အလှူငွေအားဖြင့် သင်္ဘောတစ်စီး  တည်ဆောက်ကာ  ဆွမ်း,တံခွန်, ကုက္ကား, ပန်း, နံ့သာ, သစ်သီး ကွမ်း ဆီမီး-စသော အမျိုးအမည်တစ်ထောင်နီးပါးရှိ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့် ယင်းသင်္ဘော၏ ကုန်းပတ်ပေါ်တွင် တင်လှူပူဇော်ကြသည်။ 

သင်္ဘောပျောက် အန္တရာယ်ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်း ကင်းငြိမ်စေလိုသော ရည်ရွယ်ချက်ဖြင့် ဆွမ်းတော်ကြီးတင်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

မွန်လူမျိုးတို့၏ ရိုးရာဓလေ့ အစဉ်အလာကောင်းတစ်ရပ် ရာမညတိုင်းမွန်ဒေသရှိ ရပ်ရွှာ ဒေသတိုင်မှာ  ဆွမ်းတော်တစ်ထောင် ခေါ် ဆွမ်းတော်ကြီးတင်ပွဲကို ရိုးရာမပျက် တက်ကြွစွာ ပါဝင်နွှဲပျော် ကျင်းပပူဇော် ကောင်းမှုကုသိုလ်တော် ပြုလုပ်နေကြသည်ကို ယခုတိုင်အောင်တွေ့မြင်နေရပါသည်။

တော်သလင်းလပြည့်နေ့မှာ မွန်ဘာသာခေါ် (သဘင်လံင်ကလေင် ဍ်ာသဲာ ကဝ် သဂြာ ) စတုမဓု ဆွမ်းလောင်းလှူပွဲလည်း ကျင်းပလေးရှိကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)