ထားဝယ်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း အကြိုညှိနှိုင်း အစည်းအဝေးကျင်းပ




MNP - စက်တင်ဘာ  ၂၇


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ငလျင်ဘေးအန္တရာယ် ဆိုင်ရာသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း၊ အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက မြန်မာနိုင်ငံ တစ်ဝန်းတွင်ငလျင် လှုပ်ခတ်မှုအသေးစားများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိရာ မကြာခဏငလျင်လှုပ်မှုရှိနေခြင်းက အင်အားပြင်းငလျင်ကို သတိမူလာစေရန်အချက်ပြနေခြင်းဖြစ်သည်ဆိုတာကို ငလျင် ပညာရှင်များက သုံးသပ်ကြကြောင်း၊ ယနေ့အစည်းအဝေးတွင် ကျောင်းတွင်းမြေငလျင် ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုစီမံချက်များအနက် အရေးပါသောအစိတ်အပိုင်းဖြစ်သောငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် ခန်းကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ ဇာတ်တိုက်လေ့ကျင့်ခန်း များပြုလုပ်ခြင်းဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့်ဆောင်ရန်/ရှောင်ရန်များကိုလည်း ကျောင်းသား၊ကျောင်းသူများသိရှိနားလည်မှုကို မြှင့်တင်နိုင်မှာဖြစ်ကြောင်း၊ ရေဒီယိုနှင့်ရုပ်မြင်သံကြားမှ ပညာပေးအစီအစဉ်များ၊ ကျောင်းသင်ခန်းစာများတွင် ငလျင်ဆိုင်ရာလှုပ်ရှားမှုများကို ထည့်သွင်းခြင်းနှင့် လူမှုမီဒီယာများကတဆင့် ဗဟုသုတ များကိုလည်းမျှဝေသွားရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊တိုင်းဒေသကြီး ဦးစီးမှူးဒေါ်ဝင်းစန္ဒာကြည်က ငလျင်လှုပ်နေချိန်နှင့် လှုပ်ပြီးနောက် တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအတွင်းရှိ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုအားသေချာမှုရှိစေရန်၊ အင် အားပြင်းငလျင် လှုပ်ပါက တုံ့ပြန်နိုင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်၊ ကျောင်းအရေးပေါ် ကြိုတင်ပြင်ဆင်မှုနှင့်တုံ့ပြန်မှုအစီအစဉ်အား ဆန်းစစ်ရန်နှင့်လိုအပ်ပါက ပြင်ဆင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျေးဇူးတင်စကားပြောကြားကာ တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ဝိုင်းဝန်းရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)