သထုံမြို့နယ် ကမာစိုင်ကျေးရွာတွင် ဂရုဓမ္မအခါတော်နေ့ ဆွမ်းဆန်စိမ်းနှင့်စာရေးတံမဲ လောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ် ကမာစိုင်ကျေးရွာတွင် ဂရုဓမ္မအခါတော်နေ့ ဆွမ်းဆန်စိမ်းနှင့်စာရေးတံမဲ လောင်းလှူပွဲကျင်းပ







MNP ၊  စက်တင်ဘာ  ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာတွင် ဂရုဓမ္မအခါတော်နေ့ ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူ ပွဲကို ယနေ့(တော်သလင်းလပြည့်နေ့) နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။


ကမာစိုင်ကျေးရွာ၊ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်၏ ၁၆ ကြိမ်မြောက် ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲ လောင်းလှူပွဲအဖြစ် ရွှေညောင်ပင်သာသနာ့ အကျိုးတော်ဆောင်အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည် ။


အဆိုပါ စာရေးတံမဲ လောင်းလှူပွဲသို့ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်မှ စာချ၊ စာသင် သံဃာတော်များနှင့် သီလရှင်စာသင်တိုက်မှ သာသနာ့နွယ်ဝင် သီလရှင်များ စုစုပေါင်း အပါး ၆၀၀ ကျော် အလှူခံကြွရောက်တော်မူကြပြီး ရပ်ဝေးရပ်နီးမှ စာရေးတံမဲ ပဒေသာပင်အလှူ ရှင်အဖွဲ့ ၇ ဖွဲ့အပါအဝင် အလှူရှင်များက ဆွမ်းဆန်တော်နှင့် လှူ ဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ပြီး နေ့ဆွမ်းဆက်ကပ်၍ ရေစက်ချတရားတော် နာယူကာ ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှတန်းဝေ သာဓုခေါ်ဆိုခဲ့ကြသည်။


ကမာစိုင်ကျေးရွာရှိ ရွှေညောင်ပင်ပရိယတ္တိစာသင်တိုက်တွင် နှစ်စဉ် တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့) ရောက်တိုင်း ရပ်နီးရပ်ဝေး အလှူ ရှင်များက သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဆန်စိမ်း၊ စာရေးတံမဲများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပူဇော် လှူဒါန်းလေ့ရှိကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)