ထီးချိုင့်မြို့နယ်တွင် တောင်သူများအား သဘာဝမြေဆွေးမြေဩဇာ လက်တွေ့ပြုလုပ်ပြ သခြင်းနှင့် တောင်သူပညာပေးသင်တန်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထီးချိုင့်မြို့နယ်တွင် တောင်သူများအား သဘာဝမြေဆွေးမြေဩဇာ လက်တွေ့ပြုလုပ်ပြ သခြင်းနှင့် တောင်သူပညာပေးသင်တန်းကျင်းပ




MNP - စက်တင်ဘာ   ၁၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးရုံးဝင်းအတွင်း သဘာဝမြေဆွေးမြေဩဇာ လက်တွေ့ပြုလုပ်ပြသ ခြင်းနှင့် တောင်သူပညာပေးသင်တန်း ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။


အဆိုပါဆွေးနွေးပွဲတွင် ထီးချိုင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ယခုအချိန်တွင် စိုက်ပျိုးရေးသွင်းအားစုဓါတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများအပြည့်အဝမသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်း မရှိစေရန်၊ လယ်ယာကုန်ထုတ်လုပ်မှု စရိတ်လျော့ချနိုင်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိပဲ လယ်ယာထွက်ကုန်များ ထုတ်လုပ် နိုင်စေရန်ရည်ရွယ်၍ သဘာဝမြေဆွေးမြေဩဇာ လက်တွေ့ပြုလုပ်ခြင်းဖြင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြီး  ဒု-ဦးစီးမှူး ဒေါ်မိုးမိုးဝင်းနှင့်ဝန်ထမ်းများမှ သစ်ဆွေးမြေဩဇာပြုလုပ်ပုံအဆင့်ဆင့်ကို ပြုလုပ်ပြ သခဲ့ကြသည်။


ထိုဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုကိုအောင်နှင့် ဝန်ထမ်း(၁၅)ဦး၊ ကျေးရွာများရှိတောင်သူ (၃၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။


သတင်း - ရဲလင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)