ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချပေး

 


MNP - စက်တင်ဘာ  ၃၀                  


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက် ၉ နာရီက အမှတ်(၁၂၆)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့လမ်းမတွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ပြည်သူများလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/-ကျပ်၊ ဆီတစ်ပိဿာလျှင် ၄၇၅၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းတို့ဖြင့် ရပ်ကွက်တွင်းရှိ စုစုပေါင်းအိမ်ထောင်စု(၃၀၀)စုရှိ ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီးမည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲဝင်များလူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရပ်ကွက်(၃၃)ခု၊ ကျေးရွာ(၃)ခု စုစုပေါင်း(၃၆)ခုရှိရာ ရပ်ကွက်၊ ကျေးရွာဒေသခံပြည်သူများမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်သတ်မှတ်ရက်များအလိုက် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)