တွံတေးမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ



MNP - စက်တင်ဘာ   ၃


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ/ ဆရာမများအား ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါအခမ်းအနားတွင် တွံတေးမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်၊ ဦးစီအရာရှိ(စာရင်းအင်း)ဆရာမကြီးဒေါ်စန်စန်းဝင်းတို့က အမှာစကားများပြောကြားပြီး ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းအသုံးပြုပုံကို အ.ထ.က(၂)မှ ဆရာမဒေါ်နုနုရီနှင့်ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုရေးသွင်းပုံကို ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာမိုးမိုးစံက အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကာ ကျောင်းကျန်းမာရေးရက်သတ္တပတ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကျောင်းအခြေပြုလုပ်ငန်းအခြေပြု(၆)ချက်နှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။ ဆွေးနွေးပွဲသို့ တွံတေးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၂၁၅)ကျောင်းမှ သင်တန်းသား/ သင်တန်းသူဆရာ/ ဆရာမ(၂၅၀)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါတဆွးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/ သင်တန်းသူဆရာ/ဆရာမ(၂၅၀)ဦး တက်ရောက်ကြသည်။


သတင်း - တွံတေးသား


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)