အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း (ဘားအံ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း (ဘားအံ) ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

 



MNP - စက်တင်ဘာ   ၉


ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသော အလုပ်ဆိုတာအင်အားပါစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့် က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌  စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ သည်။


စာဖတ်ဝိုင်းတွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသည့်  အတက်ပညာများအပြင် စာအုပ်၊ စာပေ လေ့လာခြင်းအားဖြင့် အသိပညာများဖွံ့ဖြိုး၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး မိမိပတ်ဝန်းကျင်အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက အလုပ်လုပ်တဲ့ နေရာမှာသိက္ခာရှိပါစေ၊ စိတ်ထွေပြားရင်အားမဖြစ်ဘူး၊ စဉ်ဆက်မပြတ်အလုပ်လုပ်မှ အားဝင်မယ်  ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူဆိုဖီယာက အလုပ်ဆိုတာအင်အားပါ၊ အလုပ်တွင်အောင်လုပ်ချင်လျှင် စိတ်ကိုအေးအေးထားနိုင်ပါစေ ခေါင်းစဉ်များဖြင့်လည်းကောင်း၊ သင်တန်းသူ မူးလာသောက်က အလုပ်လုပ်ရာမှာ အောင်မြင်စေလိုရင်အများနှင့် ပြေလည်အောင်ဆက်ဆံတက်ပါစေ၊ အလုပ်လုပ်တဲ့နေရာမှာ စေတနာပါပါစေ ခေါင်းစဉ်များဖြင့် လည်းကောင်း၊ သင်တန်းသူ ခိုင်သဇင်ထွန်နှင့် ဆာရယ်မူးတို့က  အလုပ်လုပ်တဲ့နေရာမှာ အဆိုးမြင်စိတ်မလွန်ကဲပါစေနဲ့၊ အလုပ်လုပ်တဲ့နေရာမှာ အောင်မြင်ချင်ရင် ဇွဲသတ္တိကိုအထူးမွေးပါ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ ဆရာဦးသန်းအောင်နှင့် ဆရာဦးငွေသန်းတို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး သင်တန်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ကရင်ပြည်နယ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိဘညွှန်ကြားရေးမှူး၊ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)