ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးသို့ တက်ရောက်





MNP ၊ စက်တင်ဘာ ၁၄

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့ရှိ Vienna International Centre တွင် ၁၂-၉-၂၀၂၂ ရက်မှ စတင်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှုအဖွဲ့ (Board of Governors) အစည်းအဝေးသို့ Non-Board Member အဖြစ် တက်ရောက်လျက် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ကို ၂၉-၇-၁၉၅၇ ရက်တွင် စတင်ထူထောင် ခဲ့ပြီး၊  မြန်မာနိုင်ငံအနေဖြင့် IAEA သို့  ၁၈-၁၀-၁၉၅၇ ရက်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ကြောင်း၊ IAEA တွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၇၅) နိုင်ငံ ပါဝင်ပြီး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ( ၂ နှစ် သက်တမ်းအတွက်) နိုင်ငံပေါင်း (၃၅) နိုင်ငံကို ဒေသအုပ်စုအလိုက် နှစ်စဉ် ရွေးချယ်တင်မြှောက်လေ့ရှိကြောင်း၊ အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးများကို တစ်နှစ်လျှင် (၅)ကြိမ်ခန့် ကျင်းပလေ့ရှိပြီး၊ ယခု ကျင်းပလျက်ရှိသော အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ နှစ်အတွင်း လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခဲ့မှု၊ ၂၀၂၄-၂၀၂၉ ကာလလတ်အတွက် မဟာဗျူဟာ၊ နျူကလီးယားနှင့် ဓါတ်ရောင်ခြည်သင့်မှုအန္တရာယ်ကင်းရှင်းရေး(Nuclear and radiation safety)၊ နျူကလီးယား လုံခြုံရေး (Nuclear security)၊ နျူကလီယားသိပ္ပံ၊ နည်းပညာနှင့် အသုံးချမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေးနှင့် နိုင်ငံများ၏ နျူကလီးယားဆိုင်ရာ ဆောင်ရွက်မှုများ လုံခြုံမှုရှိစေရေး (Nuclear verification and safeguard measures) တို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ အစည်းအဝေးမှာ ပုံမှန်အားဖြင့် (၅)ရက်ခန့် ကြာမြင့်လေ့ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ပြေး NUG အကြမ်းဖက်အဖွဲ့က တာဝန်မှ အနားပေးခြင်းခံထားရသော အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသူ ကျော်မိုးထွန်း တက်ရောက်ခွင့်ရရှိရေး ကြိုးပမ်းခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တရားဝင် ခန့်အပ်ထားသည့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး တက်ရောက်နေခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)