တောင်ကုတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှ (၃)မွှာပူးကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှ (၃)မွှာပူးကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်






MNP ၊ စက်တင်ဘာ ၇

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မှ ပလဝါကျေးရွာ အုပ်စု၊တပ်ရွာကျေးရွာနေ ဦးမျိုးမြင့်အောင်နှင့်ဒေါ်ဌေးဌေးမြင့် တို့မှမွေးဖွားသော(၃)မွှာပူးကလေး ငယ်များသို့ ထောက်ပံ့ငွေအပ်ခြင်းကို ယမန်နေ့ မွန်းလွဲက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေတင့် က လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသော အသက်(၂) နှစ်အထိကလေးငယ်များအား တစ်လလျှင်(၁၅၀၀ဝိ)ကျပ်ဖြင့်(၃)လတစ်ကြိမ်ထောက်ပံ့လျက်ရှိပါကြောင်း၊ ထို့ပြင်အသက်(၈၅)နှစ်ပြည့်ပြီးဖြစ်သည့် အဘိုးအဘွားများအနေဖြင့်လည်း လူမှုရေးပင်စင်များလျှောက် ထားနိုင်ကြောင်း နှင့်၊ အသက်(၁၈)နှစ်အောက် ကလေးသူငယ်အခွင့်အရေးကိစ္စများ ၊ အိမ်တွင်းအကြမ်းဖက် မှုများဖြစ်ပေါ်ပါကမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ ချိတ်ဆက်ဆောင်ရွက်နိုင်ပါကြောင်းပြောကြားပြီး နောက် (၃)မွှာပူးကလေးငယ်များသို့ထောက်ပံ့ငွေကျပ်-၅၀၀၀၀ဝိ/-ကိုပေးအပ်ရာ ဦးမျိုးမြင့်အောင်နှင့်ဒေါ်ဌေးဌေးမြင့် တို့ မှလက်ခံရယူသည်။

ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်း များ၊ ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် (၃)မွှာပူးမွှေးဖွား သည့် ကလေးငယ်များအတွက် ထောက်ပံ့ငွေပေးခြင်းကို ယခင်(၂၀၂၀)ခုနှစ်က ဆားပြင်ကျေးရွာမှ (၃)မွှာပူး မွေးဖွားသည့် ကလေးများသို့လည်းအလားတူထောက်ပံ့ပေးခဲ့ကြောင်းမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)