အသေးစား နူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး နှစ်ပိုင်းအတွင်း ဆောင်ရွက်သွားဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသေးစား နူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး နှစ်ပိုင်းအတွင်း ဆောင်ရွက်သွားဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


MNP ၊ စက်တင်ဘာ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ၏ အကြိမ်(၂၀)မြောက် သတင်းစာရှင်းလင်းပွဲတွင် ရုရှား-မြန်မာသဘောတူညီချက်များအရ မြန်မာနိုင်ငံတွင် နူးကလီးယားစွမ်းအင် မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသေးစား နူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး နှစ်ပိုင်းအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖြေကြားသွားသည်။


၂၀ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ရုရှား-မြန်မာ သဘောတူညီချက်များအရ မြန်မာနိုင်ငံတွင် နူးကလိယားစွမ်းအင်ကို မည်သည့်အချိန်တွင် စတင်အကောင်အထည်ဖော်အသုံးပြုမည်ကို သိရှိလိုပါကြောင်း မြန်မာနေရှင်နယ်ပို့စ်က မေးမြန်းရာ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက "နူးကလီးယားကိစ္စကတော့ ကျွန်တော်တို့အနေနဲ့ မြန်နိုင်ငံအနေနဲ့ နူးကလီးယားနဲ့ ပတ်သက်ပြီး အသုံးချသွားမှာသည် ငြိမ်းချမ်းစွာ အသုံးချရေးနည်းလမ်းကိုပဲ ကျွန်တော်တို့ အသုံးချသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်အနေနဲ့ကတော့ နူးကလီးယားစွမ်းအင်နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေးနဲ့ ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာရယ်၊ နူးကလီးယားစွမ်းအင်အပေါ် ပြည်သူလူထုရဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်များ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှစ်ခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့မှာ ကျွန်တော်တို့ လက်မှတ်ရေးထိုးခဲ့တာ ရှိပါတယ်။ အဲဒီစာချွန်လွှာ ခုနှစ်ကနေပြီးတော့ နူးကလီးယားစွမ်းအင်အပေါ် ပြည်သူလူထုရဲ့ အပြုသဘောဆောင်သော သဘောထားအမြင်များ ရရှိရေး ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရန်အတွက်ကတော့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန၊ အနုမြူစွမ်းအင်ဦးစီးဌာနနဲ့ နူးကလီးယားသတင်းအချက်အလက် နည်းပညာစင်တာတွေကနေပြီးတော့မှ ရန်မှာထူထောင်နိုင်ရေး ကျွန်တော်တို့ စလုပ်ရမှာဖြစ်ပါတယ်။" ဟု ဖြေကြားထားသည်။


ဗိုလ်ချုပ်ဇော်မင်းထွန်းက "အဓိက ဘာကိုရည်ရွယ်သလဲဆိုရင် ဒီနူးကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးကို လုပ်သွားမှာဖြစ်တယ်။ သို့သော် ဒီဟာကို ပြည်သူလူထုနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ အသိမပေးဘဲ လုပ်မှာမဟုတ်ဘူး။ ပထမဦးဆုံးအဆင့်အနေနဲ့ ကျွန်တော်တို့ ပြည်သူလူထုကို ဒီနူးကလီးယားစွမ်းအင်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ အသုံးပြုရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့က နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု ရရှိရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်မှာ ဖြစ်တယ်။ အဲဒီသတင်းအချက်အလက်စင်တာကို ကျွန်တော်တို့ ရန်ကုန်မှာ တည်ထောင်ဖို့အတွက် ကြံရွယ်ထားပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အခုခရီးစဉ်အတွင်းမှာတော့ Road Map ပေါ့။ မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက ဝန်ကြီးတွေနဲ့ ရုရှားနိုင်ငံပိုင်အနူမြူစွမ်းအင်ကော်ပိုရေးရှင်းတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေပဲ။ အဲဒီမှာ နူးကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချနိုင်ရေး၊ ကဏ္ဍပေါင်းစုံ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးတွေအတွက် ဆောင်ရွက်မှာ ဖြစ်တယ်။ ပထမဆုံးလုပ်မှာကတော့ ကျွန်တော်တို့ အသေးစားနူးကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေးကို လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ခန့်မှန်းခြေကတော့ နှစ်ပိုင်းအတွင်းမှာပဲ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒါတွေလုပ်ဆောင်ဖို့အတွက်က ကျွန်တော်တို့ အသိပညာပေးတာတွေ၊ သတင်းဖြန့်ဖြူးတာတွေကို အရင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။" ဟု ဖြေကြားထားသည်။


ကမ္ဘာ့နိုင်ငံများတွင် နူးကလီးယားလျှပ်စစ်စွမ်းအင် ထုတ်ယူသုံးစွဲနေသော နိုင်ငံပေါင်း (၃၂)နိုင် တွေ့ရှိရပြီး အမေရိကန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနိုင်ငံများတွင် အများဆုံးထုတ်လုပ်အသုံးပြုနေသည်ကို အခြေပြုဇယားတွင် တွေ့ရှိရပြီး အာရှနိုင်ငံများတွင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကာဇက်စတန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဗီယက်နမ် နိုင်ငံတို့တွင် နူးကလီးယားစွမ်းအင် ထုတ်ယူသုံးစွဲလျက်ရှိသည်ကို တွေ့ရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)