ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ဆည်မြောင်းရုံးလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ဆည်မြောင်းရုံးလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

 


MNP - စက်တင်ဘာ   ၂၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လမ်းသွားရာတွင် ပိုမိုလွယ်ကူချောမွေ့စွာသွားလာနိုင်ရန်၊ လမ်းအသုံးပြုရာတွင် စိတ်အေးချမ်းသာမှုရရှိစေရန်နှင့် မြို့တွင်းယာဉ်ကြော ပိတ်ဆို့မှုများကိုလည်း တစ်ဖက်တစ်လမ်းမှ သက်သာစေရန်တို့ကိုရည်ရွယ်ပြီး မြေသားလမ်းမှ ကွန်ကရစ်လမ်းပိုင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ခဲ့သော ဆည်မြောင်းရုံး(ကွန်ကရစ်)လမ်းပိုင်း ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လမ်းပိုင်းအဆင့်မြှင့်တင်ပေးပြီးဖြစ်ရာ မိမိတို့ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ယခုလမ်းအဆင့်မြှင့်တင်ထားရှိမှုကို ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ပေးကြရန်နှင့် ပါဝင်လှူဒါန်းကူညီပေးကြသော စေနာရှင်၊ အလှူရှင်များနှင့် တာဝန်ယူဆောက်လုပ်ပေးသော ကုမ္ပဏီတို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။


ယင်းနောက်မြေသားလမ်းမှ ကွန်ကရစ်လမ်းခင်းကျင်းရာတွင် စေတနာရှင်အလှူရှင်များမှ အလှူငွေများကို ထည့်ဝင်လှူဒါန်းကြရာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ တရုတ်ငွေယွမ်(၁)သိန်း၊  ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်မောင်လွင်နှင့် ဦးကျော်သန်းတို့မှ  တရုတ်ငွေယွမ်(၁)သိန်းစီကိုလည်းကောင်း၊ လမ်းပိုင်းဆောက်လုပ်ရေးကုမ္ပဏီနှင့် စေတနာရှင် ပြည်သူတစ်ဦးတို့မှ တရုတ်ငွေ ယွမ်(၅)သောင်းခန့်စီကိုလည်းကောင်း အသီးသီးပါဝင်လှူဒါန်းခဲ့ကြရာ တရုတ်ငွေယွမ်(၄)သိန်းကျော်ကို လှူဒါန်းလက်ခံရရှိခဲ့ပြီး  ဆည်မြောင်းလမ်းအဆင့်မြှင့်တင်ခြင်းကွန်ကရစ်လမ်းသစ်ကို  တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


ယခုလမ်းသစ်အဆင့်မြှင့်တင်ထားသော လမ်းပိုင်းသည် မူလမြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ရန်ပုံငွေနှင့် စေတနာ ရှင်၊ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းငွေများဖြင့် လမ်းအရှည် ၁၁၃၅ ပေ၊ အကျယ် ၃၂ ပေကို ကွန်ကရစ်ခင်းကျင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


လောက်ကိုင်မြို့အတွင်းရှိ ယိုယွင်းပျက်စီးနေသောလမ်းများကို လမ်းပေါက်ဖာထေးခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဒေသရန်ပုံငွေ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုရန်ပုံငွေနှင့် ဒေသတွင်းရှိ အလှူရှင်များထည့်ဝင် လှူဒါန်းငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)