မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်အဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်အဝေး ကျင်းပ

 


MNP - စက်တင်ဘာ   ၈


မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးလူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီး တွင် လူကုန်ကူးမှုအန္တရာယ်များ ကြုံတွေ့နေရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သော မိမိတို့နိုင်ငံများ သည် လူကုန်ကူးမှုအန္တရာယ်များအား ပိုမိုကြုံတွေ့ရလေ့ရှိပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှုများ ကြုံတွေ့ရသဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူများ များပြားလျက်ရှိပြီး တရားမဝင်အလုပ်အကိုင် သွားရောက်လုပ်ကိုင်ကြရာမှ လူကုန်ကူးမှုများ ကြုံတွေ့ရပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအနေဖြင့် လူကုန်ကူးမှုအန္တရာယ်များ လျော့ပါး စေရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဉက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက တိုင်းဒေသကြီးလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီးလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်က လိုအပ် သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ဉက္ကဋ္ဌတို့က မိမိတို့ဆောင်ရွက်နေသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)