MNP - စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ နေ့နံနက်ပိုင်းကစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် က အနောက်ကြို့ကုန်းကျေးရွာအုပ်စုရှိ တောင်သူ(၁၉၇) အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ယခင်နှစ်ကချေးငွေများ အကြေပေးဆပ်သည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး၊ လယ်တစ်ဧကလျင် ကျပ်တစ်သိန်းခွဲနှုန်း အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာ ယနေ့နံနက်ပိုင်း က အနောက်ကြို့ကုန်းကျေးရွာအုပ်စုမှ တောင်သူ (၁၉၇)ဦး၏ လယ်ယာမြေ (၁၀၇၉)ဧကအတွက် တစ်ဧကလျင်ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၁၆၁,၈၅၀,၀၀ဝိ/-သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကျေးရွာအုပ်စု (၃၅)အုပ်စုမှ တောင်သူ ၂၈၉၀ ဦး၏ လယ်မြေ ၉၃၄၆ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ၁,၄၀၁,၉၀၀,၀၀ဝိ/- သိန်း ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် ယခုနှစ်ချေးငွေ ၃,၂၀၀,၈၀၀,၀၀၀ သိန်းကို ထုတ်ချေးပေးရန်လျာထားလျက်ရှိကြောင်း မြို့နယ်မန်နေဂျာထံမှ သိရသည်။ ဆက်လက်၍ ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသူများကို သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment