တာချီလိတ်မြို့၌ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အခြေခံပညာကျောင်းများသို့ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အခြေခံပညာကျောင်းများသို့ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး






MNP - စက်တင်ဘာ   ၃၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဆန်ဆိုင်း)၌ အသက်(၁၀)နှစ်ပြည့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့ ၁၀ နာရီက ပြုလုပ်ပေးခဲ့ကြကြောင်း သိရှိရသည်။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးက "လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်အဆင့်(၂)အဖြစ် ကျောင်းဖွင့်ရာသီ ကာလအတွင်း အခြေခံပညာကျောင်းများတွင် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို တစ်လလျှင်(၂)ကျောင်း ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာအလယ်တန်းကျောင်း-ခွဲ၊ အခြေခံပညာအလယ်တန်းကျောင်း၊ အခြေခံပညာ အထက်ကျောင်းခွဲနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။


ယနေ့ အသက်( ၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ကျောင်းသား/သူ(၇၀) ဦးရှိပြီး  ခရိုင်လဝကဦးစီးမှူး ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်သိန်း၊ မြို့နယ်လဝကဦးစီးမှူး ဦးကျော်သက်နိုင်၊ မြို့နယ် ပညာရေးမှူး  ဒေါ်ခင်စန်းကြည်တို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ယာဆေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)