နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် မြို့နယ်ပေါင်း ၁၄ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၃၈ ရွာတွင် ကဏ္ဍအလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် မြို့နယ်ပေါင်း ၁၄ မြို့နယ်ရှိ ကျေးရွာပေါင်း ၁၃၈ ရွာတွင် ကဏ္ဍအလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး




MNP ၊ စက်တင်ဘာ ၆

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် မြို့နယ်ပေါင်း ၁၄ မြို့နယ်ရှိ စိုက်ပျိူးမွေးမြူရေးဆောင်ရွက်သော ကျေးရွာပေါင်း ၁၃၈ ရွာ ရွေးချယ်သတ်မှတ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ကဏ္ဍအလိုက် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ စိုက်ပျိူးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ယနေ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့မှုဆိုင်ရာ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဦးစီးဌာနများအလိုက် ရွေးချယ်ထားသော ကျေးရွာများကို အတည်ပြုနိုင်ရေး၊ လာမည့်အောက်တိုဘာလအတွင်း ရန်ပုံငွေများကို ပြည်သူများလက်ဝယ်အရောက် အမြန်ဆုံး စီမံခန့်ခွဲဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဦးစီးဌာနများနှင့် တာဝန်ရှိသူများအနေဖြင့် စီမံကိန်း လုပ်ငန်းစဉ်တစ်လျှောက်လုံး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားကြရေး တိုက်တွန်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ခရိုင်၊ မြို့နယ်ကော်မတီအဆင့်ဆင့်က ရွေးချယ်ထားသည့် ကျေးရွာများ အမည်စာရင်း၊ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမအသင်းများ ထူထောင်ရေးနှင့် ငါးလုပ်ငန်းများတွင် မတည်ရင်းနှီးမြှုပ်နှံသွားမည့် ရန်ပုံငွေ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းအပေါ် ကဏ္ဍများအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဖြည့်စွက်အကြံပြု သုံးသပ် ရှင်းလင်းတင်ပြရာ ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ထိရောက်အောင်မြင်သော စီမံကိန်းလုပ်ငန်းများဖြစ်စေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရေး၊ ရန်ပုံငွေစိစစ်သုံးစွဲရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး ရန်ပုံ‌ငွေစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။


အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပေးအပ်ခဲ့သော ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်စီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူ‌ရေး ဆောင်ရွက်သော ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့များကို ခရိုင်၊ မြို့နယ်အလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ယနေ့အစည်းအဝေးတွင် မြို့နယ်ပေါင်း ၁၄ မြို့နယ်မှ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၈၀ ၊ သမဝါယမလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၃၈ ရွာ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာ ၁၅ ရွာနှင့် ငါးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၅ ရွာ စုစုပေါင်း ၁၃၈ ရွာကို ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းနှင့် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး (TOT) ဆရာဖြစ်သင်တန်းများကို မြို့နယ်များအလိုက် ဖွင့်လှစ်ပို့ချပေးပြီးဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)