ချောင်းဆုံမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအိတ်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအိတ်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ



MNP - စက်တင်ဘာ   ၁၄


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသမီးငယ်ရွယ်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ အိတ်ချုပ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ချောင်းဆုံမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် ပြည်နယ်(ကျေး/လက်)ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်မှ သင်တန်းတက်ရောက်ပြီးသည့်သူများအနေဖြင့် လက်တွေ့ဘဝတွင်လည်း သင်တန်းမှ ပို့ချသည့် သင်ခန်းစာများကို ပြန်လည်အသုံးချသွားရန် လိုအပ်ပြီး မိသားစုဝင်ငွေကို တပိုင်တနိုင် ထောက်ပံ့ပေးနိုင်ရန်လိုကြောင်း ပြောကြားပြီး ခရိုင်(ကျေး/လက်)ဦးစီးဌာန၊ လ/ထညွှန်ကြားရေးမှူး ဒေါ်မိုးမိုးဦးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ထို့နောက် သင်တန်းဆရာမအား ဂါရဝလက်ဆောင်ပေးအပ်ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထိုပြင် သင်တန်းကို နည်းပြ ဆရာမတစ်ဦးမှ သင်တန်းသူ(၁၅)ဦးအား သင်တန်းကာလ (၂၀)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)