သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာရေးများ အပတ်စဉ် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာရေးများ အပတ်စဉ် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - စက်တင်ဘာ   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ အပတ်စဉ် လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။


ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပတ်စဉ် လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးအမြဲမပြတ် သတိရှိရန်၊ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေး ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ အန္တရာယ်သတိပေးစစ်ဆေးအရေးယူ ဆောင်ရွက်ရန်၊ အိမ်ထောင်စုပုံစံ(၆၆/၆)၊ နိုင်ငံသားစိစစ်ရေးကတ်၊ မြေပြင်လူဦးရေ စာရင်းပြီးစီးရေးဆောင်ရွက်ရန်၊ ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်၊ တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဖြေဆိုကြမည့်သူ အတွင်းဖြေ၊ အပြင်ဖြေ၊ စာမေးပွဲ ဝင်ခွင့်ပုံစံရယူပြီး စာရင်းမတင်သည့် ကျောင်းသား၊ ကျောင်းသူများအား စည်းရုံးပြောကြားရန်၊ Covid-19 ကာကွယ်ရေး Mask တပ်၊ လက်ဆေးလိုက်နာဆောင်ရွက်ရေး သတိပေးကြေညာဆောင်ရွက်ရန်၊ ညမထွက်ရအမိန့် လိုက်နာ ဆောင်ရွက်ရေး သတိပေးကြေညာဆောင်ရွက်ရန်၊ PSI စလောင်းများ မဖြုတ်သေးသည့် နေအိမ်များမှ ဖြုတ်ယူသိမ်းဆည်းဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးရေးတောင်သူများ စာရင်းရယူ တင်ပြဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းဆောင်ရွက်သည့်အခါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြနိုင်ရေးတို့ကို အသေးစိတ်ဆွေးနွေးမှာကြားပြီး ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)