ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ ရေးနှင့်ကာကွယ် ၊ ကုသ ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်၊မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ကုသ ၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် က မိမိတို့ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ခရိုင်အတွင်း ကိုဗစ်-၁၉ ‌‌ရောဂါကူးစက်ဖြစ်ပွားခဲ့ပါက ကာကွယ်ခြင်း၊ ကုသ ခြင်းနှင့် ထိန်းချုပ် ခြင်းလုပ်ငန်း များကို ကော်မတီများအလိုက် အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ယခင်နှစ် က တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများကိုယူ၍ ကာကွယ်၊ကုသ၊ထိန်းချုပ်ခြင်းလုပ်ငန်းများကိုမြို့မိ ၊ မြို့ဖများ ၊ လူမှုရေးအသင်းအဖွဲ့များ၏ အားများကို ရယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဆွေးနွေးပါသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေး ဦးဇာနည်တိုး က ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးရေးလုပ်ငန်းများဆောင်ရွက်မည့်အစီအစဉ်များ နှင့် ပစ္စည်းများ စုဆောင်းထာားရှိမှု အခြေအနေများကိုရှင်းလင်းတင်ပြပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် ကကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့မိမြို့ဖ ဦးကျောက်တောင် ၊ ဒေါက်တာ စံလှိုင် ၊မြို့နယ်ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ လှထွန်းဇော် နှင့် လူမှုရေးအသင်းအဖွဲ့များက ယခင်နှစ် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ် ပွား နေစဉ်ကာလအတွင်း မြို့နယ်အတွင်းစုပေါင်းဆောင်ရွက်ခဲ့သည့်အတွေ့အကြုံ များကို ရှင်းလင်းဆွေးသည်။ 

အဆိုပါအစည်းအဝေးသို့ ခရိုင်၊မြို့နယ်အဆင့် ကိုဗစ်-၁၉ ‌ရောဂါကာကွယ်၊ကုသ၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ ၊ မြို့မိမြို့ဖများ ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)