ပုဇွန်တောင်မြို့နယ်အတွင်းရှိ အမှတ်(၆)ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက် ကုန်များ ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်အတွင်းရှိ အမှတ်(၆)ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက် ကုန်များ ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး



MNP - စက်တင်ဘာ   ၁၀


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပုဇွန်တောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၈ နာရီက အမှတ်(၆)ရပ်ကွက်ရှိ တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။    ပြည်သူလူထုအား စားသောက်စရိတ်သက်သာစေရန်အတွက် ဆန် ၁ ပြည်လျှင် ငွေကျပ် ၁၆၀၀ နှုန်း၊ ဆီတစ်ပိသာလျှင် ငွေကျပ် ၅၃၀၀ နှုန်းနှင့် ကြက်ဥ ၁ လုံးလျှင် ငွေကျပ် ၁၇၅ နှုန်းဖြင့် ဈေးနှုန်း သက်သာစွာရောင်းချပေးခဲ့ရာ ရပ်ကွက်နေပြည်သူများက ဝမ်းမြောက်စွာဖြင့် လာရောက်ဝယ်ယူ ခဲ့ကြသည်။ 


ပြည်သူလူထုအား ဈေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှုကို ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု၍ ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ပြီး အမှတ်(၆)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၂၁၀)အား ဆန်(၅)အိတ်၊ စားဆီ (၁၁၀) ပိသာနှင့် ကြက်ဥ(၁၀၀၀)လုံးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် မြို့နယ် အတွင်းရှိ(၁၀)ရပ်ကွက်အား အလှည့်ကျစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


 သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)