ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နေ့စဉ်သီးနှံဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး လုပ်ငန်းကို အားထားလုပ်ကိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နေ့စဉ်သီးနှံဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး လုပ်ငန်းကို အားထားလုပ်ကိုင်




MNP - စက်တင်ဘာ   ၁၀


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေး အတွက် နေ့စဉ် သီးနှံဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေး ရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ ကုလားပဲ ၊ ပဲစင်းငုံ ၊ ဖူးစားပြောင်း စသည့် သီးနှံများကို အဓိကစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့ကျေးရွာများ၌ ဒေသခံတောင်သူများက မိသားစုစားဝတ်နေ ရေးအတွက် နေ့စဉ်ဝင်ငွေရရှိသည့် စားဖိုဆောင် ဟင်းသီး ဟင်းရွက်သီးနှံများဖြစ်သည့် ခရမ်းချဉ် ၊ ဘူး ၊ ဖရုံ ၊ သခွါး ၊ ခရမ်း ၊ မုံလာဥနီ ၊ မုံလာဥဖြူ ၊ ပန်းမုံလာ ၊ ဂေါ်ဖီထုပ် ၊ ဆလပ် ၊ မုံညှင်း ၊ ကြက်ဟင်းခါး ၊ တိုင်ထောင်ပဲသီး ၊ ပဲရှည်သီး ၊  ငရုတ် ၊ ကြက်သွန် စသည့် သီးနှံများကို မုန်းချောင်းရေနှင့် မြေအောက် ရေကို စနစ်တကျ အကျိုးရှိစွာ အသုံးချပြီး အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။


"ကျွန်တော်တို့ ဒေသက စိုက်ပျိုးရေးလုပ်ငန်းကို အဓိက စီးပွားဖြစ် လုပ်ကိုင်ကြတာပါ။ စိုက်ပျိုးရေကလည်း မဲဇလီ ရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနဲ့ မြေအောက်ရေလည်း အဆင်ပြေစွာ ရယူစိုက်ပျိုးနိုင်တာကြောင့် နွေ ၊ မိုး ၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြတယ်။ အဓိက စိုက်ပျိုးတဲ့ သီးနှံတွေကတော့ စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲတီစိမ်း ၊ ပဲထောပတ် ၊ ကုလားပဲ ၊ ပဲစင်းငုံ ၊ ဖူးစားပြောင်းသီးနှံတို့ကို စိုက်ပျိုးတာဖြစ်ပါတယ်။ ဒါအပြင် ကျွန်တော်တို့ ဒေသခံတောင်သူ တွေက မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေရရှိအောင် စားဖိုးဆောင်ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးရေး ကိုလည်း တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ခုလို ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ကုန်ဈေးနှုန်းတွေမြင့်တက်လာတဲ့ အတွက် ခုလို တွဲဖက်စိုက်ပျိုးလုပ်ကိုင်တဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုး ရေးလုပ်ငန်းက မိသားစုအတွက် အပိုဝင်ငွေရရှိတော့ အထိုက်အလျောက် အဆင်ပြေတာပေါ့ဗျာ ။ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးမှာ အခြားသီးနှံတွေထက် ဘူးနဲ့ ဖရုံသီးနှံကတော့ အသီးရော ၊ အညွန့်ရော (၂)မျိုး ဆွတ်ခူးရောင်းချရလို့ ပိုပြီးဝင်ငွေကောင်းပါတယ်။ ဒါ့ကြောင့် အခြားသော ဒေသခံတောင်သူ တွေကိုလည်း မိသားစုစားဝတ်နေရေး အဆင်ပြေစေဖို့ စားဖိုဆောင်ဟင်းသီး ဟင်းရွက်သီးနှံကို တွဲဖက်စိုက်ပျိုးစေချင်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။ 


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)