မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ် ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ် ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

001

002


MNP ၊ စက်တင်ဘာ ၁၃

မိမိတို့၏ သဘောဆန္ဒအလျောက် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် လျှောက်ထားရယူ ခဲ့ကြသည့် ပုဗ္ဗသီရိမြိုနယ်မှ မသန်စွမ်းသူ (၂၄၆) ဦးနှင့် လှိုင်သာယာမြို့နယ်မှ မသန်စွမ်းသူ (၄၀၄)၊ စုစုပေါင်း (၆၅၀)တို့ကို မသန်စွမ်းထောက်ပံ့ကြေး တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း တစ်ရာကိုးဆယ့်ငါးသိန်းတိတိကို ထောက်ပံပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ ယနေ့အထိ မသန်စွမ်းသူ (၃၉,၂၉၇) ဦးအတွက် စုစုပေါင်းငွေကျပ် (၁၃၅ ဒသမ ၄၄၁ သန်း) ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ် ရရှိပြီးသူများအား မသန်စွမ်း ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်သည် မသန်စွမ်းသူများကို ကြည့်ရှုစောင့်ရှောက်ရမည်ဟု ဖော်ပြထားသည့်အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀) ရှိသည့်အနက် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့ကို ကနဦး စီမံကိန်းနယ်မြေ(၄)ခုအဖြစ် သတ်မှတ်၍ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်း ကို ဆောင်ရွက်လျက်ရှိပါကြောင်း။


မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည်ငွေကျပ် (၃) ဘီလီ ယံကိုလည်း အလေအလွင့်မရှိစနစ်တကျ တိုးပွားစေရေးအတွက် ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် အသေးစားငွေရေးကြေးရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုးပွားအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မသန်စွမ်းသူများ အတွက် အကျိုးပြု လုပ်ငန်းများတွင် ထောက်ပံ့သုံးစွဲသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၇) ကိုလည်း မကြာမီတွင် မိတ်ဆက်ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်ရှိ ရပ်ကွက် ကျေးရွာအုပ်စု (၁၅) ခု၊ လှိုင်သာယာအရှေ့နှင့် လှိုင်သာယာအနောက်မြို့နယ်တို့မှ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်းကိုယ်စားလှယ်များအား မသန်စွမ်းထောက်ပံ့ကြေး ပေးအပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages