ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်သည့် ခရိုင်ဥပဒေရုံး(၁၄)ရုံးမှ ဥပ‌ဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်သည့် ခရိုင်ဥပဒေရုံး(၁၄)ရုံးမှ ဥပ‌ဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP ၊ စက်တင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်သည် တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်သည့် ခရိုင် ဥပဒေရုံး(၁၄)ရုံးမှ ခရိုင်ဥပ‌ဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများနှင့် တွေ့ဆုံသည့်  လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးသို့ တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေရုံး (၁၄)ရုံးမှ ခရိုင်ဥပ‌ဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများက မိတ်ဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ ခရိုင်ဥပဒေရုံးများအနေဖြင့် အသစ်ဖွင့်လှစ်ရခြင်း ဖြစ်သည့်အတွက် အခက်အခဲများစွာ ရှိနိုင်သော်လည်း အဆိုပါအခက်အခဲများအား အောင်မြင်စွာ ကျော်လွှားကြရမည် ဖြစ်ပါကြောင်း၊ အမှုများအား အကြံပေးရာတွင် ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး အထူးအလေးထား ကြီးကြပ်ရန်လိုအပ်ပါကြောင်း၊ အမှုများ လိုက်ပါဆောင်ရွက်ရာတွင်လည်း မိမိတို့ ဥပဒေအရာရှိများဘက်မှ ပျက်ကွက်မှု မရှိစေဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေအရာရှိမှ အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခရိုင်မှ ခရိုင်ဥပ‌ဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများက လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ အသီးသီး တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီး ဥပဒေအရာရှိနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေရုံး(၁၄)ရုံးမှ ခရိုင်ဥပ‌ဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)