ဂွမြို့ ဒေါင့်ချောင်းကျေးရွာအုပ်စု (၁၀)မိုင်ဝင်ပေါက်အနီးတွင် ခိုးဝင် ဘင်္ဂါလီ(၁၉)ဦးအား ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဂွမြို့ ဒေါင့်ချောင်းကျေးရွာအုပ်စု (၁၀)မိုင်ဝင်ပေါက်အနီးတွင် ခိုးဝင် ဘင်္ဂါလီ(၁၉)ဦးအား ဖမ်းဆီးရမိ

009

010

011

012


MNP ၊ စက်တင်ဘာ  ၃

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ယမန်နေ့ည ၁၀နာရီခွဲအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများလှည့်ကင်း ဆောင်ရွက်နေစဉ်  ဒေါင့်ချောင်းကျေးရွာအုပ်စု (၁၀)မိုင်ဝင်ပေါက်ကားလမ်း၏ ယာဘက်ဘေးတွင် ရပ်တန့်ထားသည့် ပုလင်းခွံအိတ်များ တင်ဆောင်ထားကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမရှိသည့်  မသင်္ကာဖွယ်မော်တော်ယာဉ်တစ်စီးအား သက်သေများနှင့်အတူစစ်ဆေးရှာဖွေခဲ့ရာ ခိုးဝင် ဘင်္ဂါလီ(၁၉)ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင်တင်ဆောင်ထားသည့် ပုလင်းခွံအိတ်များအောက်တွင် လူများအားတင်ဆောင်နိုင်ရန် သစ်သားတန်းပြုလုပ်ထားပြီး လူတစ်ဦးမျှမတွေ့ရှိရကြောင်း၊ အနီးပတ်ဝန်းကျင်တောအတွင်း လိုက်လံရှာဖွေရာမှ ကားလမ်းမှ တစ်ဖာလုံခန့်အကွာ တောအတွင်းတွင်  တရားမဝင် ဘင်္ဂါလီလူမျိုး ကျား- ၁၄ဦး၊ မ-၃ဦး၊ ကလေး ကျား-၂ဦး စုစုပေါင်း(၁၉)ဦးတို့ကို တွေ့ရှိရကြောင်း၊ အဆိုပါ တရားမဝင် ဘင်္ဂါလီများအား ပေါက်တောမြို့နယ်နှင့်စစ်တွေမြို့နယ်တို့မှ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ထံမှ  အခကြေးငွေ ယူကာ ပြည်တွင်းသို့ ပို့ဆောင်ပေးသည့် မော်တော်ယာဉ်နှင့် ထွက်ပြေး ယာဉ်မောင်း၊  ယာဉ်နောက်လိုက်နှစ်ဦးတို့ကိုပါ စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိစေရေးဆောင်ရွက်လျက် ရှိကြောင်းနှင့် ဆက်လက် အရေးယူဆောင်ရွက်နိုင်ရေး အတွက် ရာဇသတ်ကြီးပုဒ်မ -၃၆၇/၁၄၄ အရ အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages