ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး



MNP ၊  စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိကျောင်းသား/သူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က-ပေါက်တောကျောင်းခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက်(၅)နှစ်မှအသက်(၉)နှစ်အတွင်းရှိ ကျောင်းသား/သူများအားသွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိသည်။ ယနေ့တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို အ.ထ.က-ပေါက်တောကျောင်းမှ ကျောင်းသား/သူ  စုစုပေါင်း(၂၅၃)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိသောကျောင်းသား/သူများကို သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)