တရားမ အထူးအယူခံမှု(၁)ခု ကြားဖြတ်အမိန့်ချမှတ်ပြီး ရာဇဝတ် အထူးအယူခံမှု (၁)မှုနှင့် တရားမ အထူးအယူခံမှု (၄)မှု စီရင်ချက်ချမှတ်၊ ရာဇဝတ် အထူးအယူခံမှု (၁)မှုနှင့် တရားမ အထူးအယူခံမှု (၄)မှု ရုံးထိုင်ကြားနာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမ အထူးအယူခံမှု(၁)ခု ကြားဖြတ်အမိန့်ချမှတ်ပြီး ရာဇဝတ် အထူးအယူခံမှု (၁)မှုနှင့် တရားမ အထူးအယူခံမှု (၄)မှု စီရင်ချက်ချမှတ်၊ ရာဇဝတ် အထူးအယူခံမှု (၁)မှုနှင့် တရားမ အထူးအယူခံမှု (၄)မှု ရုံးထိုင်ကြားနာ



MNP ၊ စက်တင်ဘာ ၅

ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးတင်ဟုန်၊  ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့နံနက်  ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌  ရုံးထိုင်၍ တရားမ အထူးအယူခံမှု အမှတ်၊ ၁၀/၂၀၂၀ (မန္တလေး)ကို ကြားဖြတ်အမိန့် ချမှတ်ပြီး၊ ရာဇဝတ် အထူးအယူခံမှုအမှတ် ၇/၂၀၂၂ (ရှမ်း)နှင့် တရားမ အထူးအယူခံမှု အမှတ် ၂၈/၂၀၂၁(ရန်ကုန်)၊ ၃၀/၂၀၂၁ (မကွေး)၊ ၃၂/၂၀၂၁ (မန္တလေး)၊ ၂၀/၂၀၂၂(ရန်ကုန်)၊ စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု (၁)မှု နှင့် တရားမ အထူးအယူခံမှု (၄)မှုတို့ကို စီရင်ချက် ချမှတ်သည်။


ထို့ပြင် ရာဇဝတ် အထူးအယူခံမှု အမှတ် ၂/၂၀၂၂ (မန္တလေး)နှင့် တရားမအထူး အယူခံမှုအမှတ် ၂၁/၂၀၂၁ (ရှမ်း)၊ ၂၂/၂၀၂၁ (ရှမ်း)၊ ၂၃/၂၀၂၁(ရှမ်း)၊ ၂၄/၂၀၂၁(ရှမ်း)၊ စုစုပေါင်း ရာဇဝတ် အထူးအယူခံမှု(၁)နှင့် တရားမ အထူးအယူခံမှု(၄)မှု တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ရုံးထိုင် ကြားနာခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)