ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)ပြုလုပ်

 


MNP - စက်တင်ဘာ   ၃၀


တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်တွေ့ရှိလာပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း နေထိုင်သွားလာရန် လိုအပ်ကြောင်း၊ မိုးရာသီ ဆည်/တမံများအလိုက် ရေသိုလှောင်မှုပမာဏ ရာနှုန်းပြည့်မီပြီဖြစ်၍ လာမည့်နွေရာသီတွင် နွေးစပါးတိုးချဲ့ စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊ ဆောင်းနေကြာ၊ ပဲတီစိမ်းများ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် လိုအပ်သည့် သွင်းအားစုများအား မိမိတို့အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ တစ်နှစ်(၁)သီး စိုက်ပျိုးနေသည့် ဒေသများတွင် သက်ဆိုင်ရာ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များမှ ကွင်းဆင်း၍ ဒေသနှင့်ကိုက်ညီသည့် (၂)သီး (၃)သီး စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်တိုးမြှင့်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဆန်စက်ကြီးများရှိ စပါးခွံများအား သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများမှ အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘတ်ဂျက် ကာလာအတွင်း တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး မြို့နယ်အလိုက် တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အောက်ခြေအဆင့်ထိ အုပ်ချုပ်မှုဆိုင်ရာ သတင်းကွန်ယက် ခိုင်မာအားကောင်းရန် လိုအပ်ကြောင်းနှင့် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။


ထို့နောက် အစိုးရအဖွဲ့ တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာ ရုံးလုပ်ငန်းကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ ရသင့်ရထိုက်သည့် အခွန်ငွေများ ကောက်ခံရရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေရရှိရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)